Credit to Popular Journal - မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်ရွှေကျောင်းတော်ကြီးအားဘက်စုံပြုပြင်မွမ်းမံပြီး၍ မတ် ၄ ရက်က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကိုတင်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့ကြသည်။ ထိုသို့ တင်လှူပူဇော်ပြီးဖြစ်၍ အောင်ပွဲအထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၅ ရက်ည ၇ နာရီတွင် အထူးဓမ္မသဘင်အဖြစ်ဆင်ယင်ကျင်းပပြီး သီတဂူဆရာတော်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို မဟာမုနိဘုရားကြီး၏ နာရီစင်အနီး နိဗ္ဗာန်လမ်းတွင် ဟောကြားတော်မူသွားမည်ဖြစ်သည်။ မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်ရွှေကျောင်းတော်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကိုတင်လှူပူဇော်ပွဲမင်္ဂလာသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။ The post သီတဂူဆရာတော်ကြီး မဟာမုနိဘုရားကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းအောင်ပွဲအဖြစ် တရားဟောကြားတော်မူမည် appeared first on Popular .