ရန်ကုန်၊ မတ် ၅ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ကားဖြင့် သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယမန်နေ့ မတ်လ ၄ ရက် ည ၁၁ နာရီအချိန် မဲဆောက်မြို့နယ်၊ မဲကုကျေးရွာအုပ်စုရှိ မဲကုသစ်-သာ့ဆွန်း လမ်းပိုင်းတွင် တရားမဝင် လုပ်သားများ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက လမ်းဘေးစိုက်ခင်းများအတွင်း ကင်းပုန်းဝပ်၍ စောင့်ဆိုင်းခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် အဖြူရောင် Isuzu D-Max လေးဘီးယက် ကားတစ်စီး ရောက်ရှိလာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကား၏ အတွင်းခန်းနှင့် နောက်ဖုံးပိတ်ထားသည့် ကားနောက်ခန်းတို့အတွင်း၌ ပြည့်ကျပ်စွာ လိုက်ပါလာသော မြန်မာလုပ်သားများကို တွေ့ရှိခဲ့ရပြီး စုစုပေါင်း မြန်မာနိုင်ငံသား […] The post ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရရှိ appeared first on Khit Thit Media .