ရန်ကုန်၊ မတ် ၅ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်ရေးအတွက် BRAVE Burma Act ဥပဒေ ကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက သတင်းထုတ်ပြန်သည်။ မတ်လ ၄ ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen နှင့် Todd Young တို့က အထက်လွှတ်တော်အမတ်များဖြစ်သည့် Mitch McConnell၊ Jeff Merkley တို့နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပေါ် အမေရိကန်၏ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ရည်ရွယ်သည့် နှစ်ပါတီပူးပေါင်းဥပဒေကြမ်းတစ်ရပ်ကို ယနေ့ တင်သွင်းလိုက်ကြခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းမှာ မြန်မာစစ်ကောင်စီ၏ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသတွင်း၌ ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများကို တုံ့ပြန်ရန်နှင့် ဖိနှိပ်ချုပ်ချယ်နေသော စစ်ကောင်စီကို […] The post မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်မည့် BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ အမတ် ၄ ဦးက တင်သွင်း၊ အောက်လွှတ်တော်တွင် အတည်ပြုပြီး အထက် လွှတ်တော်သို့ ဥပဒေကြမ်း ရောက်ရှိလာ appeared first on Khit Thit Media .