ရန်ကုန် ၊ မတ် ၅ အကြမ်းဖက် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအလောက်ရှိသည်ဟု ယမန်နေ့ ပြောဆိုခဲ့သော်လည်း ပြည်သူများက ယုံကြည်ခြင်းမရှိဘဲ ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရေး တိုးကြိတ် ဝယ်ယူနေရကာ လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။ “ဒီမနက်လည်း ဆီဆိုင်တိုင်းလိုလိုမှာ မနက် ၅ နာရီခွဲလောက်ကစပြီး တန်းစီနေကြတာ။ ဒီဇယ်မရတဲ့ဆိုင်၊ 92 ဓာတ်ဆီပဲ ရတဲ့ဆိုင်နဲ့ ငွေ ၅ သောင်းဖိုးပဲ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဆီက အကုန် တန်းစီတိုးနေကြတာ။ ဆီမပြတ်လပ်ဘူးဆိုရင် လိုသလောက် ရောင်းပေးရင် တန်းစီစရာမလိုပါဘူး။ အခုက ဆီဆိုင်တွေကို မနက်တစ်ပိုင်း လောက်ရောင်းပြီးရင် ဆီကုန်ပြီဆိုပြီး […] The post အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန် appeared first on Khit Thit Media .