Credit to Popular Journal - ONE -146 ပွဲစဉ်တစ်ခုအတွင်းမှာပင် ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း၏ ညီများဖြစ်သည့် ထွန်းမင်းနိုင်နှင့် ထွန်းမင်းအောင် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် ONE ပွဲစဉ်နှင့်အတန်ကြာ ဝေးကွာသူများဖြစ်ပြီး ပွဲစဉ်ကို လာမည့် မတ်လ (၁၃) ရက် ညပိုင်းတွင် ကျင်းပမည့် ONE -146 ပွဲစဉ်၌ ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။ ၎င်းတို့၏ အကိုဖြစ်သူ ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကလည်း “လာမယ့် ၁၃ ရက် One Friday Fights မှာ ကျွန်တော့် ညီနှစ်ယောက်လုံးရဲ့ပွဲကိုတစ်ရက်တည်းကြည့်ရတော့မယ်”ဟု အသိပေးထားသည်။ ထွန်းမင်းနိုင်အနေဖြင့် တရုတ်ဖိုက်တာ ကျန်းဂျင်းဟူနှင့် ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်သလို ညီဖြစ်သူ ထွန်းမင်းအောင်မှာ နယူးဇီလန်ဖိုက်တာနှင့် ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။ ထွန်းမင်းနိုင်နှင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် တရုတ်ဖိုင်တာ ကျန်ဂိင်းဟူမှာ ONE […] The post ONE -146 ပွဲစဉ်တွင် ထွန်းထွန်းမင်း၏ ညီနှစ်ယောက် ပါဝင်ထိုးသ-တ်မည် appeared first on Popular .