Khit Thit သတင်းဌာန၏ မတ် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၅ နှစ်သက်တမ်း ၁ ကြိမ်ပဲ တာဝန်ထမ်းဆောင်ရမယ်လို့ ကာချုပ်ရာထူးကို ၁၅ နှစ်အထိ သက်တမ်းအကြိမ်ကြိမ်တိုးပြီးယူထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က တဖန်ပြန်ပြီး သူ့စိတ်ကြိုင် ပြန်လည် သတ်မှတ်ဖို့လုပ်နေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အမေရိန်ကန် – အစ္စရေး နဲ့ အီရန်တို့ကြား စစ်ရေးတင်းမာနေတဲ့ အရှေ့အလယ်ပိုင်းဒေသက မြန်မာ နိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းကတစ်ဆင့်တွေ့ဆုံ အားပေးစကားပြာပြီး လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ […] The post Khit Thit သတင်းဌာန၏ မတ် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် appeared first on Khit Thit Media .