ရန်ကုန်၊ မတ် ၅ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက် ကပစ ၁၆ တပ်ကို AA နှင့် တော်လှန်ရေးပူးပေါင်း တပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။ AA က ပစ်ခတ်သော လက်နက်ကြီးများမှာ ကပစ ၁၆ တပ်ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်း၊ […] The post ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံ နေ appeared first on Khit Thit Media .