Credit to Popular Journal - မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း အဖွဲ့ချုပ် (ဗဟို) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ် (ဗဟို) တို့ ပူးပေါင်းကျင်းပသော ဟိန္ဒူဘာသာရေး သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့တွင် အိန္ဒိယစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို မင်္ဂလာဆီမီးတိုင်ထွန်းညှိ၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများမှ ဘုရားပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ကြွရောက်လာသော သင်တန်းဆရာကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ် (ဗဟို) ဥက္ကဌတို့အား ဂုဏ်ပြုခဲ့ကြပြီး ကြွရောက်လာကြသော အထူးဧည့်သည်တော်ကြီးများအားလည်း ဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ် (ဗဟို) ဥက္ကဌကြီးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သင်တန်းဆိုင်ရာ မှတ်တမ်းများကို Documentary အနှစ်ချုပ်အဖြစ် ပြသခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှလည်း ဩဝါဒစကားပြောကြားခဲ့သည်။ ထို့အပြင် […] The post ဟိန္ဒူဘာသာရေးသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ appeared first on Popular .