Credit to Popular Journal - စွမ်းအင်ဝန်ကြီးဌာန၏ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စက်သုံးဆီထပ်မံဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်း/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း စက်သုံးဆီများအား အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စစ်ဆေးလျက်ရှိကြောင်း သိရသည်။ စက်သုံးဆီလက်ကျန်များတိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအားစစ်ဆေးခြင်း၊ စက်သုံးဆီများ အချိန်မီထုတ်ယူသယ်ဆောင်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက်လည်း ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရန် ရက် (၄၀)ခန့်စာတင်သွင်းသိုလှောင်ထားပြီး စက်သုံးဆီများကို သီလဝါဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကာ သီလဝါဆိပ်ကမ်းရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းမှလည်း စက်သုံးဆီများကို စဉ်ဆက်မပြတ်ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံလောက်စွာကြိုတင်စီစဉ်ထားပြီးဖြစ်သည့်အပြင် […] The post စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး မြန်မာနိုင်ငံတွင် စက်သုံးဆီများအလုံအလောက်ရှိဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းအသိပေး appeared first on Popular .