Credit to Popular Journal - အာရှဖလားဝင်ခွင့်ရထားသည့်မြန်မာ-၁၇ အမျိုးသားအသင်းအနေဖြင့် အိန္ဒိယ- မြန် မာ ဒုတိယအကျော့ခြေစစ်ပွဲစဉ်အတွင်း သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ မတ်လ ၅ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ကျင်းပခဲ့သည့် အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ပွဲစဉ်အတွင်း နှစ်ဘက်အပြန်အလှန်တိုက် စစ်ဖွင့်ကစားနေရာမှ မြန်မာအသင်းအနေဖြင့် ပြစ်ဒ-ဏ်ဘော ၂ ကြိမ်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ မြန်မာအသင်းအနေဖြင့် လက်ရှိ ခြေစမ်း ပွဲပေါ် မူတည်ပြီး အာရှဖလားအတွက်ယှဉ်ပြိုင်ရန် ကစားသမားချင်းချိတ်ဆက်မှုများလိုအပ်နေသည်ကို ပွဲစဉ်အတွင်းတွေ့မြင်ရသည်။ အာရှဖလားမှတဆင့် ကမ္ဘာဖလားဝင်ရောက်ခွင့်အတွက် ကြိုးစားနေသည့် မြန်မာ ယူ- ၁၇အသင်းအနေဖြင့် ဆော်ဒီအာရေဗျ ၊ ထိုင်းအသင်းတို့ဖြင့် တွေ့ဆုံရမည်ဖြစ်ကာ အုပ်စုကြပ်အတွင်းရောက်ရှိနေသည်။ အလားတူ အာရှဖလားပြိုင်ပွဲတွင်အိန္ဒိယအသင်းအနေဖြင့်လည်း မြောက်ကိုရီးယား၊ ဩစတြေးလျအသင်းတို့ဖြင့် အုပ်စုကြပ်အတွင်း ရောက်နေသည်။ မြန်မာအသင်းသည် အိန္ဒိယ-မြန်မာ ခြေ စစ်ပွဲ […] The post မြန်မာ ယူ-၁၇အသင်း အိန္ဒိယအသင်းကို သရေရလဒ်ထွက်ပေါ် appeared first on Popular .