Credit to Popular Journal - ယနေ့ (မတ် ၅) ညနေက အမြန်လမ်းမကြီး မိုင်တိုင် ၇၅/၃-၇၅/၄ ကြားတွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်တွင် နေပြည်တော်မှ ရန်ကုန်သို့(အပြန်လမ်းအတိုင်း) မောင်းနှင် လာသော Higer အမျိုးအစား ဘုရားဖူးယာဉ်က အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် မောင်းသူအပါ ကျား(၃)ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် လမ်း၏အနောက်ဘက်မှ အရှေ့ဘက်သို့ရုတ်တရက် ဖြတ်ကူးစဉ် ဘုရားဖူးမှန်လုံခရီးသည်ယာဉ်နှင့်တို-က်မိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဆိုင်ကယ်ပေါ်ပါသူ ကျား(၃)ဦးစလုံးအခင်းဖြစ်ပွားသည့် နေရာတွင် ေ-သဆုံးသွားခဲ့သည်ဟုလည်း သိရသည်။ အမြန်လမ်းမကြီးများ ဥပဒေအရ မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီး ယာဉ်များမှာ အမြန်လမ်းကို သုံးစွဲခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါယာဉ်များကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်မောင်းနှင် သူသာအရေးယူခံရမည်ဖြစ်ကြောင်းကိုလည်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။ ဓာတ်ပုံ- အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ The post အမြန်လမ်းမကြီးတွင် ဘုရားဖူးယာဉ်နှင့် ဆိုင်ကယ်တိုက်၊ ဆိုင်ကယ်မှ အမျိုးသားသုံးဦး အသက်ဆုံး appeared first on Popular .