မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် ရုရှားစစ်ရေယာဥ်(၃)စီး

Credit to Popular Journal - မြန်မာနိုင်ငံသို့ချစ်ကြည်ရေးလည်ပတ်ရန် ရုရှားရေတပ်မှ စစ်ရေယာဥ်(၃)စီးသည် ယနေ့ မတ် ၅ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသည့် ရုရှားရေတပ်ပစိဖိတ်စစ်ရေယာဉ်စုမှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် Sovershenyi နှင့် Rezkiy ၊ အလတ်စားဆီတင်သင်္ဘော Pechenga တို့အား မြန်မာ့တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ စစ်သံမှူးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ အဆိုပါ စစ်ရေယာဉ်များအား အဖွဲ့ခေါင်းဆောင်အဖြစ် Captain 1st Rank Andrei Gaevoi မှဦးစီး၍ အရာရှိ၊ စစ်သည်(၃၅၀)ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၀ ရက်အထိ ၆ ရက်ကြာနေထိုင်၍ လေ့လာလည်ပတ်မည်ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများကိုလည်းပြုလုပ်သွားမည်ဖြစ်သည်။ The post မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် ရုရှားစစ်ရေယာဥ်(၃)စီး appeared first on Popular .