လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ဦးဆောင်စည်းဝေး လွှတ်တော်အစည်းအဝေးများ မကြာမှီကျင်းပမည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန်မှာကြား

Credit to Popular Journal - တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို မကြာမှီကျင်းပမည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေးအားဦးစားပေးဆောင်ရွက်ရမည်ဟု လွှတ်တော်အစည်းဝေးများကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဦးညိုစောက ပြောသည်။ ယနေ့ မတ် ၅ ရက်ကကျင်းပသည့် လွှတ်တော်အစည်းဝေးများကျင်းပရေးဗဟိုကော်မတီ၏ လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းဝေးများကျင်းပရန် လွှတ်တော်အလိုက် ရက် သတ်မှတ်ခေါ်ယူပြီးဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာလွှတ်တော်များသို့ရောက်ရှိ သတင်းပို့ရမည်ရက်ကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းဝေးတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စေရန် လွှတ်တော်ရုံးအသီးသီးနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် လွှတ်တော်အဆောက်ဦးပြင်ဆင်နေခြင်းအား ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်ရန်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အစိုးရများက လိုအပ်သည်များကိုကြိုတင်ဖြည့်ဆည်းထားရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မှာကြားခဲ့သည်။ The post လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ဦးဆောင်စည်းဝေး လွှတ်တော်အစည်းအဝေးများ မကြာမှီကျင်းပမည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန်မှာကြား appeared first on Popular .