Credit to Popular Journal - ယာဥ်ကြီး/ယာဥ်ငယ်များကို လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာခွင့်ပြုထား လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားကျိုးသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ယာဥ်ကြီး/ယာဥ်ငယ်များကို လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာခွင့်ပြုထားပြီးဖြစ်သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြု ပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှန် ၁၆၅/၁ နှင့် ၁၆၅/၃ ကြားရှိ ဆွာချောင်းတံတား၏ ကြံ့ခိုင်မှုအားနည်းသွားသောကြမ်းခင်းပြား(၂)ချပ်နှင့် အလယ်ယက်မ(၁) ချောင်းအား မတ် ၄ ရက်နေ့လည် ၃ နာရီခန့်မှစတင်ကာ (၁၃)မိနစ်ကြာလဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရသည်။ ထိုသို့ လဲလှယ်တပ်ဆင်နေချိန်၌ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများအား ဖြတ်သန်းခွင့်ယာယီပိတ်ခဲ့ပြီး မော်တော်ယာဉ်ငယ်များကိုမူ ဆက်လက်ဖြတ်သန်းမောင်းနှင်ခွင့်ပြုခဲ့ပြီးနောက် လဲလှယ်တပ်ဆင်မှုပြီးချိန်မှစ၍ ယာဉ်ကြီး/ယာဉ်ငယ်များအားလုံးကို လုံခြုံစိတ်ချစွာဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။ ဆွာချောင်းတံတားသည် ယာဥ်+ကုန် စုစုပေါင်း အလေးချိန်(၂၃)တန်အထိ ဖြတ်သန်းခွင့်ပြုထားသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ The post အမြန်လမ်းရှိ ဆွာချောင်းတံတားကျိုးသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ် appeared first on Popular .