Credit to Popular Journal - ရန်ကုန်မြို့တော်စည်ပင်၏ ရန်ကုန်တိုင်းအတွင်း ကြော် ငြာဆိုင်းဘုတ်များအတွက် လုပ်ကိုင်ခွင့်ရရှိရန် ၂၀၂၆ -၂၀၂၇ ခုနှစ်အတွက် လျှောက်ထားမှု(၂)သောင်းခန့်ရှိကြောင်း သိရသည်။ အဆိုပါ ၄၅ ပေ × ၁၅ ပေ ကြော်ငြာဆိုင်းဘုတ်များအတွက် လျှောက်ထားမှုများအား မဲနှိုက်ရွေးချယ်မှုပြုလုပ်ခဲ့ပြီး မဲပေါက်အဌားရရှိသူများစာရင်းကိုလည်း ဘုတ်များတွင်ကပ်၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလမှစကာ ကြော်ငြာဆိုင်းဘုတ်များတွင် ကြော်ငြာခြင်းများ ကျဆင်းခဲ့ပြီး ယခု နှစ်ပိုင်း၌ မြို့ထဲ အဝိုင်းပတ်နေရာများတွင် ကြော်ငြာဆိုင်းဘုတ်များ ပြန်လည်များပြားလာသည်ကိုတွေ့ရသည်။ The post လျှောက်ထားမှု(၂)သောင်းခန့်ရှိသည့် ကြော်ငြာဆိုင်း ဘုတ်အတွက် မဲနှိုက်ရွေးချယ် appeared first on Popular .