ပုလဲနှင့် ကောလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း မြောက်ပိတောက်ကုန်းကျေးရွာမှ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၂၀ လုံး ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။ အလားတူ ယင်းနေ့ ည ၉ နာရီကျော်ခန့်တွင် မုံရွာမှ တက်လေသော အကြမ်းဖက် […] The post ပုလဲနှင့် ကောလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး appeared first on Khit Thit Media .