ဖားကန့်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ ပြည်သူပိုင်‌ နေအိမ်တချို့လည်း မီးလောင်နေ

ရန်ကုန်၊ မတ် ၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ ပြည်သူပိုင်‌ နေအိမ်တချို့လည်း မီးလောင်နေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၅ ရက်နေ့တွင်လည်း ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်ဘက်၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ စည်ပင်ကွက်သစ် အထက်ပိုင်းတွင်လည်း ပြည်သူနေအိမ် ၁ လုံး မီးလောင်နေကြောင်း သိရသည်။ ထိုသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသော မရှိကထောင်ရပ်ကွက်ဘက်မှ ပြည်သူများသည်လည်း လက်ရှိချိန်တွင် ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်း၊ […] The post ဖားကန့်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ ပြည်သူပိုင်‌ နေအိမ်တချို့လည်း မီးလောင်နေ appeared first on Khit Thit Media .