Credit to Popular Journal - အီရန်နှင့် ဖြစ်ပွားနေသော လေကြောင်းစစ်ပွဲကြောင့် အစ္စရေး၏ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုသည် တစ်ပတ်လျှင် ရှီကယ်(Shekels) ၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ) အထိ ရှိလာနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အလုပ်သွားလာခွင့် ကန့်သတ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားခြင်းနှင့် အရန်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ခြင်း စသည့် အစ္စရေးပြည်တွင်း လုံခြုံရေးတပ်ဖွဲ့ ၏ လက်ရှိ “အနီရောင်” အဆင့် ကန့်သတ်ချက်များအောက်တွင် စီးပွားရေး ဆုံးရှုံးမှုမှာ တစ်ပတ်လျှင် ၉.၄ ဘီလီယံ ရှီကယ် ရှိမည်ဟု ခန့်မှန်းထားပြီး၊ အဆိုပါ ဆုံးရှုံးမှုအများစုမှာ လာမည့်အပတ်မှစ၍ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။ ဝန်ကြီးဌာနကမူ အလုပ်ခွင်များအတွက် “အနီရောင်” ထက် ကန့်သတ်ချက် ပိုမိုနည်းပါးသည့် “လိမ္မော်ရောင်” – သို့မဟုတ် လှုပ်ရှားမှုအကန့်အသတ်ရှိသော […] The post ယခု စစ်ပွဲကြောင့် အစ္စရေးစီးပွားရေး ထိခိုက်မှုမှာ တစ်ပတ်လျှင် ဒေါ်လာ ၃ ဘီလီယံခန့် ရှိလာမည် appeared first on Popular .