Credit to Popular Journal - အီရန်ထုတ် ဒရုန်းများ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် ယူကရိန်းနိုင်ငံထုတ် ဒရုန်းပစ်ဒုံးကျည်(Interceptor) များကို ဝယ်ယူရန် ပင်တဂွန်စစ်ဌာနချုပ်နှင့် အနည်းဆုံး ပင်လယ်ကွေ့အစိုးရတစ်ရပ်တို့ ဆွေးနွေးလျက်ရှိကြောင်း Financial Times(FT) သတင်းစာက ယူကရိန်းစစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကို ကိုးကား၍ ဖော်ပြခဲ့သည်။ သတင်းစာ၏ ဖော်ပြချက်အရ ပင်လယ်ကွေ့နိုင်ငံများသည် အီရန်ဒရုန်းများကို ပစ်ချရာတွင် အလွန်စျေးကြီးသော Patriot ဒုံးကျည်များကို အသုံးပြုနေရပြီး လက်ရှိတွင် ထိုဒုံးကျည်လက်ကျန်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ ယူကရိန်းထုတ် Interceptor တစ်စင်း၏ ကုန်ကျစရိတ်မှာ ဒေါ်လာအနည်းငယ်မျှသာ ရှိသော်လည်း Patriot ဒုံးကျည်တစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ ၁၃.၅ သန်း ကျော်အထိ ရှိနေပါသည်။ ယူကရိန်း ကာကွယ်ရေးသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ထိုသို့သော အရောင်းအဝယ်ပြုလုပ်ရန်အတွက် ယူကရိန်း အစိုးရ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း […] The post ယူကရိန်းထုတ် ဒရုန်းပစ်ဒုံးကျည်များကို ဝယ်ယူရန် ပင်တဂွန်နှင့် ပင်လယ်ကွေ့နိုင်ငံများ ဆွေးနွေးနေ appeared first on Popular .