Credit to Popular Journal - မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြစ်ကြည့်တိုက် ရုပ်စုံကျောင်း ဦးစီးပဓာန နာယက၊ နိုင်ငံ တော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၆၉)ဝါသည် မတ် ၄ ရက်ည ၁ဝ နာရီ ၃၂ မိနစ်က ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ထောင့်ကြီးကျေးရွာ၌ ခမည်းတော်ဦးသက်ရှည် + မယ် တော်ဒေါ်ရွှေမြိုင်တို့မှ ၁၂၉၈ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် တနင်္ဂနွေနေ့တွင်ဖွားမြင်တော်မူခဲ့ပြီး ၁၃၀၈ ခုနှစ်တွင် ညောင်ဦးမြို့နယ်၊ ထောင့်ကြီးကျေးရွာ ရွာဦး ကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိတော်မူခဲ့သည်။ ၁၃၁၈ ခုနှစ် နယုန်လဆန်း ၁၅ ရက်တွင် ညောင်ဦးမြို့၊ တောင်ရနောင်ကျေးရွာ ရွာဦးကျောင်းခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လကို ဥပဇ္ဈာယ်ပြု၍ […] The post သက်တော်(၉၀)နှစ်၊ ဝါနော်(၆၉)ဝါအရောက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ ရုပ်စုံကျောင်းဆရာတော်ကြီး appeared first on Popular .