၁၁ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ကာ ဒေါ်လာသန်း ၇၉၀ ရရှိ

Credit to Popular Journal - ယခု ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၀၆ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၇၉၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ ယခုဘဏ္ဍာနှစ်တွင် လစဉ်တင်ပို့မှုအခြေအနေများအရ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တင်ပို့ကာ ဒေါ်လာ ၅၂ သန်း ရရှိခဲ့ပြီး မေလတွင် တန်ချိန် ၂၅၉,၅၀၁ တင်ပို့ကာ ဒေါ်လာ ၉၀ သန်း ဝင်ငွေ ရရှိခဲ့သည်။ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တင်ပို့၍ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ […] The post ၁၁ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ကာ ဒေါ်လာသန်း ၇၉၀ ရရှိ appeared first on Popular .