အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ဆောင်ရွက်နေ

Credit to Popular Journal - ကိုးနှစ်နီးပါးကြာမြင့်မည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ဆောင်ရွက်နေသည်။ ထိုစီမံကိန်းသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂) အထိ ဖြစ်သည်။ ထိုစီမံကိန်းနှင့် ပက်သက်၍ လည်းကောင်း၊ မတ်လ ၈ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့်လည်း အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သေးသည်။ ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်အကြံပြုချက်များသည် NSPAW မဟာ ဗျူဟာစီမံကိန်းပန်းတိုင် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့်အတွက် ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း NSPAW မဟာဗျူဟာစီမံကိန်းပါ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ The post အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ဆောင်ရွက်နေ appeared first on Popular .