Credit to Popular Journal - မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေဆီလွှာနှင့်ပတ်သက်သည်များကို တရုတ်နိုင်ငံမှအားပေးထောက်ပံ့သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia ကပြောသည်။ နေပြည်တော်၌ မတ် ၅ ရက်ကကျင်းပသည့် လန်ချန်း -မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်အစည်းအဝေးကျင်းပခဲ့သည့် (၁၀) နှစ်ပြည့် အခါသမယတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးကူညီသည့် “မဲခေါင်မြစ်ဝှမ်းဒေသ စိုက်ပျိုးမြေဆီလွှာအရည်အသွေး စီစစ်အကဲဖြတ်ခြင်း”ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ စိုက်ပျိုးမြေဆီလွှာနှင့်ပတ်သက်သော မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှုများ၊ နည်းပညာပိုင်းဆိုင်ရာဖလှယ်မှုများဆောင်ရွက်ရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ၏ မြေဆီလွှာသုတေသန အဆင့်အတန်းမြှင့်တင်ရေး၊ စိုက်ပျိုးရေးနည်းပညာအသစ်များဖော်ဆောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ရန်အားပေးထောက်ပံ့သွားမည်ဟု ပြောသည်။ ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို နောင်လာမည့် (၁၀) နှစ်တာကာလတွင်လည်း ပို၍ ကောင်းမွန်သောအကျိုးရလဒ်ကောင်းများရရှိစေရန် အဖွဲ့အစည်းဘက်အသီးသီးတို့မှ အတူတကွကြိုးပမ်းတွန်းအားပေးကြရန်မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။ ထို့အတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်မှလည်း […] The post မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေဆီလွှာနှင့်ပတ်သက်သည်များကို တရုတ်နိုင်ငံမှအားပေးထောက်ပံ့သွားမည်ဟု တရုတ်သံအမတ်ကြီးပြော appeared first on Popular .