ရန်ကုန်၊ မတ် ၆ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ နတ်ရေကန်ဗျူဟာကုန်း အဓိက ပင်မ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လပထမပတ်အတွင်း ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကာကင်း စခန်းကို အာရက္ခတပ်တော် -AA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ် ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းအချို့နှင့်အတူ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကျန်ရှိနေသော စစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။ “သိမ်းပိုက်ရရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီစခန်းက သိမ်းလိုက် ပြန်ထိုးလိုက်နဲ့ဖြစ်နေတဲ့ကာကင်း စခန်းပါ၊ အခု သိမ်းမိပြီးတဲ့နောက်မှာတော့ စခတွေဘက်က စစ်ကြောင်း ပြန်ထိုးလာတာမရှိသေးပါဘူး” ဟု ရှေ့ တန်း […] The post ငဖဲမြို့နယ်၊ နတ်ရေကန်စစ်တပ်ဗျူဟာကုန်း၏ အဓိက ပင်မ ကာကင်းစခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ appeared first on Khit Thit Media .