မွန်ပြည်နယ်တွင်လည်း စက်သုံးဆီမပြတ်စေရေး ဆောင်ရွက်နေ

Credit to Popular Journal - မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အများပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိနေသည်။ ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်သောအဖွဲ့များက မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။ ယင်းသို့စစ်ဆေးရာ၌ ဆိပ်ကမ်းအတွင်း အသုံးပြုရန် လိုအပ်သော စက်သုံးဆီများအား ပြည်ပ(ပင်လယ်ရေကြောင်း)မှ ဆီတင်သင်္ဘောကြီးများမှ စက်သုံးဆီလှောင်ကန်များသို့ ဆီဖြည့်သွင်းနေမှုအခြေအနေ၊ စက်သုံးဆီများအား စက်သုံဆီ အရောင်းဆိုင်များသို့ သယ်ဆောင် ပေးပို့ဖြန့်ဖြူးနိုင်ရေး ဆိပ်ကမ်းရှိ ဆီလှောင်ကန်များမှတဆင့် ဆီသယ်မော်တော်ယာဉ်များသို့ စက်သုံးဆီများ တင်ယူပို့ဆောင်နေမှု အခြေအနေကိုလည်း စစ်ဆေးခဲ့သည်။ ထို့ပြင် ပြည်နယ်အတွင်း လိုအပ်သော စက်သုံးဆီများအား အမြဲမပြတ်ဝယ်ယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချပေးရန်၊ စက်သုံဆီများအား မြေပြင်တွင် မှန်မှန်ကန်ကန် ရောင်းချနေမှု […] The post မွန်ပြည်နယ်တွင်လည်း စက်သုံးဆီမပြတ်စေရေး ဆောင်ရွက်နေ appeared first on Popular .