Credit to Popular Journal - အမျိုးသားချင်း ချစ်ခင်စုံမက်သူများ အပါအဝင် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများနှင့် အမျိုးသ မီးလိင်အလုပ်သမများကြား အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖြစ်ပွားနေမှုအခြေအနေများကို အွန်လိုင်းမှတဆင့် စစ်တမ်းကောက်ယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံက သိရသ ည်။ အဆိုပါ စစ်တမ်းကောက် သုတေသန အချက်အလက်များအရ ဦးတည်အုပ်စုဝင်များအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သတ်မှတ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ ကျော်ကံကောင်းက ပြောသည်။ ထို့ပြင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါတို-က်ဖျ-က်ရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုကို ကြိုတင်မှန်းဆနိုင်ရန်၊ အမျိုးသားမဟာဗျူဟာ စီမံကိန်းအသစ်ရေးဆွဲရာတွင် အသုံးပြုရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ စစ်တမ်းတွေ့ရှိ ချက်များအား အသိပေးဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်၊ Amara Hotel ၌ မတ်လ (၃) ရက်မှစ၍ (၂) ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ […] The post အမျိုးသားချင်းချစ်ခင်စုံမက်သူများအပါအဝင် အိပ်ချ်အိုင်ဗွီပိုးကူးစက်နိုင်ချေရှိသူများကို စစ်တမ်းကောက်ယူ appeared first on Popular .