Credit to Popular Journal - လက်ရှိတွင် ပြည်သူများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသကဲ့သို့ မကြာမီဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံနှင့်ပြည်သူ့အတွက် ချက်ချင်းလက်ငင်းအကျိုးဖြစ်ထွန်းစေမည် ဦးစားပေးလုပ်ငန်းများကို စီမံချက်ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု၀န်တ်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံနှင့် ပြည်သူ့အတွက် လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရေး ညိနှိုင်းအစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကို နိုင်ငံတော်အဆင့်ထုတ်ပြန်ပြီးဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခြေခံအသုံးပြုနိုင်မည် သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးတွင် လက်ရှိ စီမံချက်များ ရေးဆွဲအကောင်ထည်ဖော်နိုင်ရန်အတွက် တိုင်းပြည်နယ်အလိုက် လက်ရှိလုပ်ငန်းစဥ် တစ်ခုချင်းအပေါ် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်နေမည့် လုပ်ငန်းအစီအမံများ တွေ့ကြုံနိုင်သည့် အခက်ခဲများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ The post အစိုးရသစ်လက်ထက်တွင် နိုင်ငံနှင့်ပြည်သူ့အတွက် ချက်ချင်းလက်ငင်းအကျိုးဖြစ်ထွန်းစေမည် ဦးစားပေးလုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ရန်လို appeared first on Popular .