Credit to Popular Journal - နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် Football For Schools အ စီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ပြောသည်။ ယမန်နေ့က ကျင်းပသည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အ ထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ဘောလုံးလောကကို မြှင့်တင်ပေးနိုင်ရန် အထောက်အ ကူပြုသည့် မင်္ဂလာရှိသောနေ့ ဖြစ်ပါကြောင်း၊ လူမှုမိသားစုဘဝကို များစွာမြှင့်တင်ပေးနိုင်ပြီး ဘောလုံးအားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသ ည့် အတွက် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း […] The post နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် Football For Schools အစီအစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းမည်ဟု ပညာရေးဝန်ကြီးပြော appeared first on Popular .