စက်သုံးဆီ ချွေတာနိုင်ရန် စုံရက်၊ မရက် စနစ် ယနေ့စတင်

Credit to Popular Journal - ယနေ့ မတ်လ ၇ ရက်တွင် စက်သုံးဆီ ချွေတာနိုင်ရန် စုံရက်၊ မရက် စနစ်ဖြင့် အိမ်စီးကားများ မောင်းနှင်ခြင်းကို ယနေ့စတင်ပြီဖြစ်သည်။ ယနေ့တွင် မ ကားများမောင်းနှင်ရက်ဖြစ်ပြီး လမ်းပေါ်တွင်လည်း ယာဉ်အသုံးပြုမှုလျော့ကျသွားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိခဲ့ပေ။ ထိုသတ်မှတ်ချက်တွင် EV မော်တော်ယာဉ်/ ဆိုင်ကယ်များ၊ Taxi များ၊ လူနာတင်ယာဉ်များ၊ စက်သုံးဆီသယ်ဆောင်သည့် ယာဉ်များ၊ စည်ပင်အမှိုက်သိမ်းယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ မပါဝင်ပေ။ စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်း/ စျေးပိုတင်ရောင်းချခြင်းကိုလည်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။ The post စက်သုံးဆီ ချွေတာနိုင်ရန် စုံရက်၊ မရက် စနစ် ယနေ့စတင် appeared first on Popular .