၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းယာဉ်များ ကနဦးမှတ်ပုံတင်ရန် နောက်ဆုံးရက် သတ်မှတ်

Credit to Popular Journal - မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အကောက်ခွန်များ ပေးဆောင်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယာဉ်အချို့သည် မှတ်ပုံတင်မပြုဘဲ နံပါတ်ပြားအတုများနှင့် အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေကြောင်း တွေ့ရှိရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ အဆိုပါယာဉ်များသည် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအရ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း […] The post ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းယာဉ်များ ကနဦးမှတ်ပုံတင်ရန် နောက်ဆုံးရက် သတ်မှတ် appeared first on Popular .