စက်သုံးဆီဝယ်ယူမှုများ စနစ်တကျရှိစေရေးအတွက် နည်းပညာအကူအညီဖြင့်ကြပ်မတ်ရမည်

Credit to Popular Journal - နေပြည်တော်၌ စက်သုံးဆီဖူလုံမှုရှိစေရေးနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ မတ် ၆ ရက်က နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း အရည်အသွေးပြည့်ဝစွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဝယ်ယူသူများ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့များက ကွင်းဆင်းစစ်ဆေး၍ အနီးကပ်ကြီးကြပ်ရန် ပြောကြားသည်။ စက်သုံးဆီများကို အလွဲသုံးစားပြုလုပ်ခြင်း၊ တရားမဝင်သိုလှောင်သိမ်းဆည်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေးအတွက် ထိရောက်စွာတား ဆီးအရေးယူရန်၊ စက်သုံးဆီဝယ်ယူမှုများ စနစ်တကျရှိစေရေးအတွက် နည်းပညာအကူအညီဖြင့် ကြပ်မတ်ခြင်းများကို သက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ ထို့ပြင် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် အစီအစဉ်တကျကြပ်မတ်ဆောင်ရွက်မည့်အစီအစဉ်နှင့် အစီအမံများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ The post စက်သုံးဆီဝယ်ယူမှုများ စနစ်တကျရှိစေရေးအတွက် နည်းပညာအကူအညီဖြင့်ကြပ်မတ်ရမည် appeared first on Popular .