ကျော်စွာဝင်း နှင့် ထိုင်းဖိုက်တာလိပ်နင်ဂျာတို့ ပွဲစဉ်ကို ONE က တရားဝင်အသိပေးလာ

Credit to Popular Journal - ONE Friday Fight -147 ပွဲစဉ်အတွင်း ပထမတန်းရိုးရာဖိုက်တာ ကျော်စွာဝင်း ဝါရင့်မွေထိုင်းဖိုက်တာ လိပ်နင်ဂျာ ဆမင်းဒမ်းနှင့် မတ်လ (၂၀) ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးလာပြီဖြစ် သည်။ ရိုးရာဖိုက်တာကျော်စွာဝင်းသည် ONE တွင် မျိုးဆက်သစ်အနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့် ONE Friday Fights-139 ပွဲစဉ်တွင် ဂျပန်ဖိုက်တာမူဂါ ကို ဒုတိယအချီတွင် အလဲထိုးပြထားနိုင်သူဖြစ်သည်။ ကျော်စွာဝင်းသည် ပြိုင်ဘက်ဖြစ်သူကို တုံ့ပြန်သည့်နေရာ၌ Counter-striker ကစားပုံဖြင့် တုန့်ပြန်တတ်ပြီး နောက်မဆုတ်တမ်း ရှေ့တိုးထိုးသ-တ်တတ်ကာ ပါဝါပါသည့် လက်သီးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုး ကစားတတ်သူဖြစ်သည်။ ပြိုင်ဘက်လိပ်နင်ဂျာ ဆမင်းဒမ်းမှာမူ ONE Friday Fights ပွဲစဉ်တွင် ခြေကန်ချက်များဖြင့် အစွမ်းပြနေသူဖြစ်ပြီး လက်ရှိအချိန်အထိ […] The post ကျော်စွာဝင်း နှင့် ထိုင်းဖိုက်တာလိပ်နင်ဂျာတို့ ပွဲစဉ်ကို ONE က တရားဝင်အသိပေးလာ appeared first on Popular .