Credit to Popular Journal - မော်တော်ယာဉ်များအား စုံ/မ ခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် One Stop Service စနစ်ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ One Stop Service အဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့မှ ၃ ဖွဲ့အထိ ဖွဲ့စည်း၍ နေရာခွဲကာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း One Stop Service အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်နှင့်ပတ်သက်၍ ပြည်သူများအား […] The post စုံ/မ မော်တော်ယာဉ်မောင်းနှင်မှုစနစ် ဖောက်ဖျက်သူများအား One Stop Service စနစ်ဖြင့် အရေးယူမည် appeared first on Popular .