Credit to Popular Journal - တောင်ကြီးတွင် စုံရက်၊ မရက် ယာဉ်များ မောင်းနှင်စေရေးအတွက် ပညာပေး ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။ တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းရှိ ယာဥ်ထိန်းရုံးရှေ့တွင်ပညာပေးဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ ဆောင်ရွက်မှုတွင် မော်တော်ယာဉ် / မော်တော်ဆိုင်ကယ်များ(EV ကား/ဆိုင်ကယ်-မပါ)အား စုံရက်/ မရက် ခွဲခြားမောင်းနှင်စေ ရေးအတွက် အသိပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ သတ်မှတ်ထားသည်ဟုလည်း သိရသည်။ photo – eaglewhite. The post တောင်ကြီးတွင် စုံရက်၊ မရက် ယာဉ်များ မောင်းနှင်စေရေးအတွက် ပညာပေး ပြုလုပ်နေ appeared first on Popular .