ဂျိုင်းနှင့် အတ္ထရံ ဂျပန်- မြန်မာချစ်ကြည်ရေးကြိုးတံတားအသစ် နှစ်စင်း တပြိုင်တည်းဖွင့်လှစ်မည်

Credit to Popular Journal - ဂျိုင်း (ဇာသပြင်)နှင့် အတ္ထရံ(စပယ်ဂူ) ဂျပန်- မြန်မာချစ်ကြ ည်ရေး ကြိုးတံတားအသစ်နှစ်စင်းကို မနက်ဖြန် မတ်လ (၈) ရက်နေ့တွင် တပြိုင်နက်တည်း ဖွင့်လှစ်ပေးသွားရန်ရှိကြောင်း မော်လမြိုင်မြို့ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ် ပြူလာနယူးစ်ကို ပြောသည်။ အဆိုပါ တံတားနှစ်စင်အနက် ဂျိုင်းတံတားမှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး အတ္ထရံတံတားမှာ မွန်ပြည်နယ် ကျိုက်မရောနှင့် စပယ်ဂူ ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။ တံတားဖွင့်ပွဲအတွက် ယနေ့ မွန်းလွဲ (၁၂) နာရီမှ မနက်ဖြန် မွ န်းလွဲ(၁၂)နာရီ အထိ ဂျိုင်း(ဇာသပြင်)ကြိုးတံတား အဟောင်းအား ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။ “ဖွင့်ပွဲအတွက် ဂျိုင်းတံတားပိတ်လိုက်တော့ ဒီနေ့ မွန်ဘက်ကနေ ကရင်ဘက် သွားချင်ရင် သထုံဘက်က ပတ်သွားကြရတယ်”လို အဆိုပါဒေသခံက ပြောသည်။ […] The post ဂျိုင်းနှင့် အတ္ထရံ ဂျပန်- မြန်မာချစ်ကြည်ရေးကြိုးတံတားအသစ် နှစ်စင်း တပြိုင်တည်းဖွင့်လှစ်မည် appeared first on Popular .