တောင်ကြီးနှင့် ပဲခူးတွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ သတ်မှတ်ရက်အတိုင်း မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်

Credit to Popular Journal - ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နှင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ သတ်မှတ် စုံ/မ ရက်အတိုင်း မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ မတ်လ(၇) ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးခြင်း အစီအစဉ်အား မတ်လ(၇)ရက်မှ (၁၃)ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက စည်းကမ်းဖောက်ဖျက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြော င်း သိရသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပြင် အခြားမြို့ကြီးများတွင် One Stop Service အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေး သတ်မှ တ်ကာလပြီးဆုံးပါက မတ်လ (၁၄) ရက်မှစတင်၍ အမိန့်ကြော်ငြာစာတစ်စုံတစ်ရာ မထုတ်ပြန်မချင်း အရေးယူဆော င်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းဖောက်ဖျက်ယာဉ်များအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ […] The post တောင်ကြီးနှင့် ပဲခူးတွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ သတ်မှတ်ရက်အတိုင်း မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက် appeared first on Popular .