ဒစ်ဂျစ်တယ် သံခြေကျင်း – IMEI မှတ်ပုံတင်စနစ်ရဲ့ နောက်ကွယ်

မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်ရာမှာ အဓိကကျတဲ့  IMEI (နိုင်ငံတကာ သက်သေခံ) ကုတ်နံပါတ်တွေကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ညွှန်ကြားလာပါတယ်။  မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ တရားမဝင်တင်သွင်းတာတွေ မဖြစ်အောင် နိုင်ငံတကာသက်သေခံကုတ်(International Mobile Equipment Identity) ကို မှတ်ပုံတင်ဖို့ဆိုပြီး စစ်ကော်မရှင်က အမိန့်ထုတ်တာလည်း ဖြစ်ပါတယ်။  နည်းပညာအရေးကျွမ်းကျင်သူတွေကတော့ ဒီစနစ်ဟာ သာမန်အခွန်ကောက်ခံမှုထက် ပိုပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့ ယန္တရားတစ်ခု ဖြစ်လာနိုင်တယ် လို့ သတိပေးနေကြပါတယ်။ အရင်က ဆင်းမ်ကတ်မှတ်ပုံတင်ရုံ နဲ့တင် အာဏာပိုင်တွေက သုံးစွဲသူအချက်အလက်တွေကို သိနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အခုလို ဖုန်းတစ်လုံးမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ်နံပါတ်ကိုပါ မှတ်ပုံတင်ခိုင်းတာက ဖုန်းအသုံးပြုသူရဲ့ တည်နေရာနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ပိုပြီး စိုးရိမ်တယ်လို့ ပြည်တွင်းက …