ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင်ပြည့်စုံသည့်ကုသမှုစင်တာဖြစ်သော အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC)စတင်ဖွင့်လှစ်

Credit to Popular Journal - ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင်ပြည့်စုံသည့်ကုသမှုစင်တာဖြစ်သော အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC)ကို ရန်ကုန် တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယနေ့ မတ် ၇ ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC)ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးတင်အောင်စန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတသည် ၈ ထပ်ကုသဆောင်သစ် ကမ္ပည်းမော်ကွန်းကိုအမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး ကုသဆောင်အတွင်းရှိ ဓာတ်ရောင် ခြည်ဖြင့် ကင်ဆာရောဂါကုသမှုစက်ခန်းများအားကြည့် ရှုရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်ခန်းအလိုက်ကုသရေးပါရဂူများက ရှင်းလင်းတင် ပြခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် မိသားစုက အမျိုးသားကင်ဆာကုသရေးဗဟိုဌာနအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့သည်။ ထို့အတူ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC) အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား […] The post ကင်ဆာဝေဒနာရှင်များအတွက် တစ်နေရာတည်းတွင်ပြည့်စုံသည့်ကုသမှုစင်တာဖြစ်သော အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC)စတင်ဖွင့်လှစ် appeared first on Popular .