Credit to Popular Journal - ယခုသီတင်းပတ်အတွင်း တိုက်ခိုက်နှစ်မြှုပ်ခံလိုက်ရသော အီရန်စစ်သင်္ဘောမှ အသက်ရှင်လွတ်မြောက်သူများနှင့် သီရိလင်္ကာတွင် ထိန်းသိမ်းထားသည့် ဒုတိယမြောက် အီရန်စစ်သင်္ဘောမှ အမှုထမ်းများကို နေရပ်ပြန်မပို့ရန် အမေရိကန်ပြည်ထောင်စုက သီရိလင်္ကာအစိုးရကို ဖိအားပေးနေကြောင်း သောကြာနေ့တွင် မြင်တွေ့ခဲ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း ကြေးနန်းတစ်ခုအရ သိရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့က သီရိလင်္ကာတောင်ပိုင်း ဆိပ်ကမ်းမြို့ ဂဲလ်လီကမ်းလွန် ရေမိုင် ၁၉ မိုင်ခန့်အကွာတွင် အီရန်စစ်သင်္ဘော အိုင်းရစ်ဒီနာ ကို အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက တိုက်ခိုက်နှစ်မြှုပ်ပစ်ခဲ့သောကြောင့် ရေတပ်သား များ ဒါဇင် နှင့်ချီ၍ ေ-သဆုံးခဲ့ပြီး ဝါရှင်တန်၏ အီရန်ရေတပ်ကို လိုက်လံတို-က်ခိုက်မှုသည် သိသိသာသာ နယ်ကျယ်သွားစေခဲ့သည်။ ကြာသပတေးနေ့တွင် ဒုတိယမြောက် အီရန်စစ်သင်္ဘောဖြစ်သော ရေတပ်အရန်သင်္ဘော အိုင်းရစ်ဘူရှေယာပေါ်မှ သင်္ဘောသား ၂၀၈ ဦးကို သီရိလင်္ကာက သင်္ဘောပေါ်မှ ပြန်ချခဲ့သည်။ အဆိုပါသင်္ဘောသည် သီရိလင်္ကာ၏ ရေကြောင်းနယ်နိမိတ်အတွင်း မဟုတ်သော်လည်း […] The post အီရန်ရေတပ်သားများကိုနေရပ်ပြန်လွှဲမပေးရန်သီရိလင်္ကာကိုဖိအားပေး appeared first on Popular .