Credit to Popular Journal - အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုဖြစ်လာနိုင်ခြေကို ကြိုတင်တားဆီးရန်အတွက် လောင်စာဆီ လေးငါးခြောက်မျိုးနှင့် ရေနံဓာတ်ငွေ့ရည်(အယ်လ်ပီဂျီ) တင်ပို့မှုကို ယာယီပိတ်ပင်ရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က အမိန့်ပေးခဲ့သည်။ ဝန်ကြီးချုပ်၏ အမိန့်အမှတ် ၂/၂၀၂၆ အရ ချက်ချင်းအာဏာတည်ကြောင်း ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တော်ဝင်ပြန်တမ်တွင် ဖော်ပြခဲ့သည်။ ဓာတ်ဆီ၊ ဂက်ဆိုဟော၊ ဟိုက်စပိဒ်ဒီဇယ်၊ ဂျက်အေဝမ်း လေယာဉ်လောင်စာဆီနှင့် အယ်လ်ပီဂျီ အပါအဝင် သန့်စင်ပြီးလောင်စာများတင်ပို့မှုကို နောက်ထပ်နို့တစ် တစ်စုံတရာမထုတ်မချင်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ အမေရိက၊ အစ္စရေးနှင့် အီရန်တို့ပါဝင်သည့် ပဋိပက္ခသည် ပြင်းထန်လာပြီးနောက် အရှေ့အလယ်ပိုင်းရှိ မဟာဗျူဟာကျသော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောလမ်းကြောင်းများအပေါ် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များဖြစ်ပေါ်စေခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ အခြေအနေသည် ထိုင်းနိုင်ငံ၏ လောင်စာဆီ ဖြည့်တင်းထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး […] The post လာအိုနှင့်မြန်မာမှအပလောင်စာဆီတင်ပို့မှုအားလုံးကိုထိုင်းရပ်ဆိုင် appeared first on Popular .