Credit to Popular Journal - အီရန်ကို အမေရိကနှင့် အစ္စရေးတို့က ဆက်လက်တို-က်ခိုက်နေချိန်တွင် အီရန် ကို ခြွင်းချက်မရှိ လက်နက်ချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုခဲ့သည်။ လက်ခံနိုင်လောက်သော ခေါင်းဆောင်အသစ်ကို ရွေးချယ်ပြီးပါက အမေရိကနှင့် မဟာမိတ်များသည် အီရန်ကို စီးပွားရေးတွင် ယခင်ကထက် ပိုမိုတိုးတက်၍ ပိုမိုကောင်းမွန်ခိုင်မာအောင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။ စစ်ပွဲသည် ဒုတိယမြောက်သီတင်းပတ်အတွင်း ဝင်ရောက်ရန် နီးကပ်လာခဲ့ပြီး လွန်ခဲ့သည့်တစ်ပတ်က ခေါင်းဆောင်ကြီး အလီခါမေနီေ-သဆုံးခဲ့ပြီးနောက် အီရန်ကို မည်သူဦးဆောင်မည်လဲဆိုသည်နှင့် အမေရိကသည် ဒေသတွင်း၌ လက်စားချေတို-က်ခိုက်မှုများကိုဖြစ်ပေါ်စေလျက်ရှိသည့် အီရန်စစ်ပွဲကို မည်သည့် စည်းကမ်းသတ်မှတ်ချက်မျိုးဖြင့် အဆုံးသတ်မည်ဆိုသည်မှာ မရှင်းလင်းသေးပေ။ စစ်ရေးဆောင်ရွက်ချက်သည် အနည်းဆုံး ရက်သတ္တလေးပတ်မှ ခြောက်ပတ်အထိ ကြာနိုင်သည်ဟု အစိုးရက မျှော်လင့်ထားကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီဗစ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထရုဆိုရှယ်ပလက်ဖောင်းတွင် ထရမ့်ပ်က ရေးသားခဲ့ရာ၌ “ခြွင်းချက်မရှိ လက်နက်ချရုံမှတပါး အီရန်နဲ့ ဘာသဘောတူညီချက်မှ […] The post ခြွင်းချက်မရှိ လက်နက်ချပါအီရန်–ထရမ့်ပ် appeared first on Popular .