Credit to Popular Journal - အဏုမြူရောင်ခြည်ဆိုင်ရာပညာရှင်များ၊ အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ်လေ့ကျင့်မွေးထုတ်ပေးရန် ယနေ့ မတ် ၇ ရက်နံနက်ပိုင်းကကျင်းပသည့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဗဟိုဌာန(NCC)ဖွင့်ပွဲတွင် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ် သည်။ အခြေခံအဆောက်အအုံများပြည့်စုံလာသည်နှင့်အတူ ကင်ဆာရောဂါဆိုင်ရာ ဆေးကုသမှုအရည်အသွေးပိုမိုမြင့်မားစေရန် စံညွှန်းကုထုံးများနှင့်အညီဆောင်ရွက်ရန်၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နိုင်မည့် အဏုမြူရောင်ခြည်ဆိုင်ရာပညာရှင်များနှင့် အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ်လေ့ ကျင့်မွေးထုတ်ပေးရန် မှာကြားသည်။ ထို့ပြင် အမျိုးသားကင်ဆာရောဂါမှတ်တမ်းစနစ် (National Cancer Registry)တည်ဆောက်ရေးအ တွက် နိုင်ငံတကာနှင့်ပူးပေါင်းပြီး သုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။ ထို့အတူ ကင်ဆာလူနာများ ဓာတ်ရောင်ခြည်နှင့်ကုသမှုခံယူရန် စောင့်ဆိုင်းရသည့်အချိန်လျှော့ချနိုင်ရန် ဓာတ်ရောင်ခြည်ကုသစက်များဝယ်ယူတပ်ဆင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေများကို နိုင်ငံတော်မှ အထူးဦးစား ပေးခွင့်ပြုပေးခဲ့သည်ဟုပြောသည်။ ထို့ကြောင့် အမျိုးသားကင်ဆာကုသရေးဗဟိုဌာန (NCC)အား ဓာတ်ရောင်ခြည်ကုသမှုခံယူမည့် လူနာများအတွက် ဓာတ်ရောင်ခြည်စက်များထားရှိမည့် စက်ခန်းများကို […] The post အဏုမြူရောင်ခြည်ဆိုင်ရာပညာရှင်များ၊ အထူးကုဆရာဝန်ကြီးများကို စဉ်ဆက်မပြတ်လေ့ကျင့်မွေးထုတ်ပေးရန် နိုင်ငံတော် ယာယီသမ္မတမှာကြား appeared first on Popular .