ရန်ကုန်၊ မတ် ၇ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူး မင်းဦးနှင့် တာမွေမြို့နယ် အရိုးကုန်းအုပ်ချုပ်ရေးမှူး အောင်မြင့်ဦးတို့သည် လူငယ်များကို ပေါ်တာဆွဲ၍ ငွေညှစ်နေသည့်အပြင် မြေကွက်များကိုပါ အကွက်ရိုက်ကာ လိမ်လည်ရောင်းချနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူး ရွှေလီ (ခ) မင်းဦးသည် လူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီးရောင်းစားခြင်း၊ သိန်းရာနှင့်ချီကာ ငွေညှစ်ခြင်းနှင့် မြေကွက်များ လိမ်လည်ရောင်းချခြင်းများ ပြုလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း သိရသည်။ “ရွှေလီလို့ခေါ်တဲ့ မင်းဦးက မဘသ၊ အမျိုးသားရေးသမားလို့ သူ့ကိုယ်သူပြောတယ်။ ပြီးတော့ YMBA ခရိုင်ဥက္ကဋ္ဌလည်းလုပ်တယ်။ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်တဲ့သူ။ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတယ်။ တချို့လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်တယ်၊ ငွေရရင်ပြန်လွှတ်တယ်၊ […] The post ဒဂုံတောင်ကြံ့ဖွတ်အတွင်းရေးမှူး မင်းဦးနှင့် တာမွေမြို့နယ်မှ အရိုးကုန်း အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးတို့က လူငယ်များကို ပေါ်တာဆွဲ၍ ငွေညှစ်နေပြီး မြေကွက်များကို အကွက်ရိုက် လိမ်ရောင်း appeared first on Khit Thit Media .