Credit to Popular Journal - အမေရိကတိုက်တစ်ဝှမ်းရှိ အင်အားကြီး ရာဇဝတ်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို တိုက်ဖျက်ရန် ရည်ရွယ်သည့် စစ်ရေးညွန့်ပေါင်းအဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့တွင် ကြေညာခဲ့သည်။ အနောက်ကမ္ဘာခြမ်းတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန် ဤအစီအစဉ်သည် လိုအပ်ကြောင်း ကိုလည်း။သူက ပြောကြားခဲ့သည်။ Shield of Americas ထိပ်သီးဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ထရမ့်က ဤမဟာမိတ်အဖွဲ့သစ်ကို အမေရိက၏ မူးယစ်ဂိုဏ်းတိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ (America’s Counter-Cartel Coalition – ACCC) ဟု တရားဝင်ခေါ်ဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်းများသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ကြီးထွားလာနေသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု သူက ဆိုခဲ့ပြီး၊ ယင်းတို့ကို တန်ပြန်ရန်အတွက် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း […] The post အမေရိကတိုက်တစ်ဝှမ်းရှိ မူးယစ်ဂိုဏ်းများကို တိုက်ဖျက်ရန် စစ်ရေးညွန့်ပေါင်းအဖွဲ့သစ် ထရမ့်ကြေညာ appeared first on Popular .