Credit to Popular Journal - ယနေ့တနင်္ဂနွေနေ့အစောပိုင်းက အော့စလိုမြို့ရှိ အမေရိကန်သံရုံးတွင် ပေ-ါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ထိခိုက်ပျ-က်စီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နံနက် ၁ နာရီခန့်တွင် အော့စလိုမြို့အနောက်ပိုင်းရှိ သံရုံးဝင်းအနီးမှ ကျယ်လောင်သော ပေ-ါက်ကွဲသံကြီးတစ်သံကို ကြားခဲ့ရပြီး ယင်းနေရာမှ မီးခိုးများထွက်ပေါ်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။ “အမေရိကန်သံရုံးမှာ ပေ-ါက်ကွဲမှုဖြစ်ပွားခဲ့တာကို ကျနော်တို့ အတည်ပြုနိုင်ပါတယ်” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မီကာရယ် ဒယ်လမီယာက ပြည်သူ့ရုပ်သံလွှင့်ဌာန NRK သို့ ပြောကြားခဲ့ပြီး အဆိုပါပေါ-က်ကွဲမှုသည် ကောင်စစ်ဝန်ရုံးဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပေ-ါက်ကွဲမှုကျူးလွန်သူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေပြီး အဆိုပါနေရာတစ်ဝိုက်တွင် နောက်ထပ်ပေ-ါက်ကွဲစေတတ်သော ပစ္စည်းများကို မတွေ့ရကြောင်း ဒယ်လမီယာ က ပြောကြားခဲ့သည်။ “ရဲတပ်ဖွဲ့က သံရုံးနဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်နေပြီး ထိခိုက်ဒ-ဏ်ရာရသူရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေတော့ မရှိသေးပါဘူး” […] The post အော့စလိုမြို့ ရှိ အမေရိကန်သံရုံးတွင် ပေါ-က်ကွဲမှုဖြစ်ပွား၊ အနည်းငယ်ထိခိုက်ပျ-က်စီးမှုရှိသော်လည်း ထိခိုက်ဒ-ဏ်ရာရသူမရှိဟု ရဲတပ်ဖွဲ့ပြောကြား appeared first on Popular .