ငါန်းဇွန်နှင့် တံတားဦးမြို့နယ်တို့တွင် ဖြတ်သန်းသွားလာနေသော စစ်တပ်ကိုမိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးဟုဆို၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု အရာရှိ အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၈ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းများဖြင့်​တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ခံ ကိုသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂နာရီ ၂၀ မိနစ်ခန့်အချိန် ငါန်းဇွန်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ် သား ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းသိရှိရသည်။ “သေဆုံးတာက စစ်ခွေး ၇ကောင် သေဆုံးတယ်လို့ သိရတယ်။ ထိ ခိုက်ဒဏ်ရာရှိသူများများလည်း ရှိတယ်လို့ […] The post ငါန်းဇွန်နှင့် တံတားဦးမြို့နယ်တို့တွင် ဖြတ်သန်းသွားလာနေသော စစ်တပ်ကိုမိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးဟုဆို၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု အရာရှိ အပါအဝင် ၂ ဦးသေဆုံး appeared first on Khit Thit Media .