ရန်ကုန်၊ မတ် ၈ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး ကြံ့ဖွတ်လွှတ်တော်တွင် အဆိုတင်သွင်းအရေးဆိုမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၆ ရက်နေ့ စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ဥက္ကဋ္ဌ သစ်များရွေးချယ်ခြင်း၊ သမ္မတသစ် ရွေးချယ်ခြင်းနှင့် အစိုးရဖွဲ့စည်းရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယင်းနောက် ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားရေး အရေးကြီးအဆို တစ်ရပ်ကိုလည်း ကြံ့ဖွတ်ပါတီ တင်သွင်းသွားရန် ရှိနေကြောင်း သိရှိရသည်။ “တပ်မတော်က အာဏာထိန်းတာလည်းပြီးသွားပြီ။ လွှတ်တော်အသစ်တွေ၊ အစိုးရသစ်တွေ ပေါ်လာပြီ။ အဲဒီတော့ စီးပွားရေးပိတ်ဆို့မှုတွေက မလိုအပ်တော့ဘူး။ ရွေးကောက်ပွဲနဲ့အညီ အရပ်သားအစိုးရတက်လာပြီဖြစ်တဲ့အတွ့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အရေးကြီးအဆို တင်သွင်းဖို့ရှိတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ […] The post မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး ကြံ့ဖွတ်လွှတ်တော်တွင် အဆိုတင်သွင်းအရေးဆိုမည် appeared first on Khit Thit Media .