ရန်ကုန်၊ မတ် ၈ ယနေ့ ကျရောက်သည့် မြန်မာ့ရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လူသိများသည့် “နှင်းဆီ” အဖွဲ့၏ ဖျော်ဖြေပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပွဲပြန်ထွက်မည်ဖြစ်ကြောင်း ရုပ်ရှင်လောကသားများထံမှ သိရှိရသည်။ “နှင်းဆီ” အငြိမ့်သည် ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းမော်ကွန်းက အဓိက အဖွဲ့ဝင်အဖြစ် ပါဝင်သော အလွန်အောင်မြင်ကျော် ကြားသည့် အဖွဲ့ဖြစ်ခဲ့သော်လည်း စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မင်းသား မင်းမော်ကွန်းမှာ တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သဖြင့် နှင်းဆီအဖွဲ့၏ ဖျော်ဖြေမှုများ ဆက်လက်မလုပ်ဆောင်နိုင်ဘဲ ရပ်တန့်ခဲ့ရသည်။ ယခုအခါ တော်လှန်ရေးဘက်တော်သား ရုပ်ရှင်မင်းသား မင်းမော်ကွန်း မပါဝင်ဘဲ ယနေ့ကျရောက်သည့် မြန်မာ့ရုပ်ရှင်အစည်း အရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် နှင်းဆီ အဖွဲ့ကို […] The post ရုပ်ရှင်မင်းသား မင်းမော်ကွန်း မပါဝင်ဘဲ “နှင်းဆီ” အဖွဲ့ ပထမဆုံးအကြိမ် ပွဲပြန်ထွက်၊ စစ်တပ်ကို တော်လှန်နေသည့် ရုပ်ရှင် သရုပ်ဆောင်များ၏ ဇာတ်ကားများနှင့် ရုပ်ရှင်များကို ဆက်တိုက်ပိတ်ပင်နေ appeared first on Khit Thit Media .