ရန်ကုန်၊ မတ် ၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေသည့် ကာလအတွင်း သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ ဘော လုံးကွင်းအတွင်း ဇာတ်သဘင်ပွဲများကို ဟန်ပြကာ လောင်းကစားဝိုင်းများကို အကြီးအကျယ် ပြုလုပ်နေပြီး၊ ယင်းလုပ်ရပ်နောက်ကွယ်တွင် DKBA အဖွဲ့ဝင်များနှင့် ရဲအရာရှိများ ပါဝင်ပတ်သက်နေကြောင်း အဆိုပါ လောင်းကစားဝိုင်းများကို မုဒုံမြို့မှ DKBA ဗိုလ်ကြီးစောကိုမျိုး ဆိုသူက ဦးဆောင်ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း၊ ဗိုလ်ကြီး စောကိုမျိုးမှာ DKBA အဖွဲ့အမည်ကို အသုံးပြု၍ လောင်းကစားဝိုင်းများမှ ရရှိသည့် အကျိုးအမြတ်များဖြင့် ချမ်းသာကြွယ်၀လာကြောင်း သိရှိရသည်။ “သံဖြူဇရပ် ရဲတပ်ဖွဲ့ မြို့နယ်မှူးဟာ […] The post သံဖြူဇရပ် စက်စဲရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေ appeared first on Khit Thit Media .