မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို ရန်ကုန်၊ မတ် ၈ နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။ အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နိုင်ငံဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့် (Scam Centers) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သမ္မတ ဒေါ်နယ်ထရမ့်က အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါအမိန့်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မိမိတို့မြေပေါ်တွင် လက်ခံခွင့်ပြုထားသော နိုင်ငံများကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် စီးပွားရေးပိတ်ဆို့မှု (Sanctions) ချမှတ်ရန် […] The post ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ် appeared first on Khit Thit Media .